အမေရိကန်ပြည်နယ်ပေါင်း ၅၀ စလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေ

လူအသေအပျောက်များသည့် ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် အမေရိကန်နိုင်ငံ၏ ပြည်နယ်ပေါင်း ၅၀ စလုံးတွင်ပြန့်ပွားနေပြီဖြစ်ကြောင်း သိရသည်။ ယမန်နေ့တွင် အနောက်ဗာဂျီးနီးယားပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူကို တွေ့ရှိပြီးနောက် ပြည်နယ် ၅၀ စလုံးတွင် ကူးစက်မှုပြန့်ပွားနေခြင်းဖြစ်သည်။ နယူးယောက်မြို့သည်လည်း မြို့ကိုအ၀င်အထွက်ပိတ်ထားပြီး သက်ကြီးရွယ်အိုများကို နေအိမ်များအတွင်း၌ပင် နေထိုင်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ရေးအတွက် စီစဉ်စဉ်းစားနေလျက်ရှိသည်ဟု သိရသည်။ အမေရိကန် နိုင်ငံတစ်ဝန်းတွင် ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၁၀၈ ဦးရှိနေပြီဖြစ်ပြီး ကူးစက်ခံရသူဦးရေ ၆၃၀၀ ကျော်ရှိနေပြီဟု အတည်ပြုထုတ်ပြန်ထားသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်မူ ကူးစက်ခံရသူဦးရေ ၂ သိန်းခန့်ရှိနေပြီဖြစ် ပြီးသေဆုံးသူဦးရေ ၈၀၀၀ နီးပါးရှိနေပြီဖြစ်သည်။ နယူးယောက်မြို့တော်ဝန် Bill de Blasio က၎င်းအနေဖြင့် ဒေသခံ ၈.၅ သန်းအား မိမိတို့နေအိမ်များအတွင်း၌ပင် နေထိုင်ကြရန် အမိန့်ညွှန်ကြားချက် ထုတ် မထုတ်ကို ၂ ရက်အတွင်း ဆုံးဖြတ်ချက်ချ၍ ဆောင်ရွက်သွားမည်ဟု သိရသည်။ အစားအသောက်အတွက် မ၀ယ် မဖြစ်သည့် ကုန်စ္စည်းများနှင့် ဆေးဝါးများဝယ်ယူရန်အတွက်သာ ခွင့်ပြုပြီးခွေးများကျောင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းများ ပြုလုပ်ရာတွင် လူအများနှင့် ပြောဆိုဆက်ဆံမှုများကို ရှောင်ရှားရန် ညွှန်ကြားသွားမည်ဟု သိရသည်။  Ref: BBC News