ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မာနေး လှူဒါန်း

လီဗာပူးတိုက်စစ်မှူးမာနေးလ်သည် မိခင်နိုင်ငံဖြစ်သည့်ဆီနီဂေါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများ အား ကာကွယ်တားဆီးသည့် အစီအစဉ်များတွင် အသုံးပြုရန်အတွက် ပေါင်လေးသောင်းလှူဒါန်းခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ မာနေးလ်သည် ပေါင် လေးသောင်းအား ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုများအား ဟန့်တားသည့်အစီအစဉ်များ ဖော်ဆောင်လျက်ရှိသည့်ကော်မတီသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ မာနေးလ်သည် ယခင်ကလည်း ဆီနီဂေါနိုင်ငံအတွင်း၌ ကျောင်းများ၊ ဆေးရုံများ ဆောက်လုပ်ရာတွင် အသုံးပြုရန်အတွက် လိုအပ်သောငွေကြေးများကို လှူဒါန်းခဲ့ဖူးသူဖြစ်သည်။ မာနေးလ်က နိုင်ငံအတွက် အမှန်တကယ် လိုအပ်သောအခြေအနေဖြစ်သောကြောင့် လှူဒါန်းခဲ့ခြင်းဖြစ်ကာ ထပ်မံလှူဒါန်းမည်ဟု ပြောသည်။ Skysports