အမေရိကန် နိုင်ငံ က ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့် ပတ်သက်ကြောင်း သံသယ ရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူ

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက် ၌ ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့်ပတ်သက်ကြောင်း သံသယရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ဆော်ဒီအာရေဗျ နိုင်ငံ အစိုးရ အဆင့်မြင့် အရာရှိ Saud al-Qahtani နှင့် ဆော်ဒီအာရေဗျ နိုင်ငံ အစ္စတန်ဘူလ် အခြေစိုက် ကောင်စစ်ဝန် စသည့် အစိုးရ အဖွဲ့ဝင် ၁၇ ဦး တို့  ပိတ်ဆို့အရေးယူမှု စာရင်းတွင် ပါဝင်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး က ပိတ်ဆို့အရေးယူ ခံရသူများက ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် Jamal Khashoggi အသတ်ခံရမှု တွင် ပါဝင်ခဲ့ကြသူများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Jamal Khashoggi က အမေရိကန နိုင်ငံ သတင်းမီဒီယာများအား သတင်းရေးသား ပေးပို့သူတစ်ဦး ဖြစ်ပြီး ယခုနှစ် အောက်တိုဘာ ၂ ရက် တွင် တူရကီနိုင်ငံ ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ ကောင်စစ်ဝန်ရုံး တွင် လက်ထပ်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ သွားရောက် ပြုလုပ်စဉ် ပြန်လည်ထွက်ခွာ လာခဲ့ခြင်း မရှိတော့ဘဲ အောက်တိုဘာ ၂၀ ရက် တွင် ဆော်ဒီအာရေဗျ နိုင်ငံ အစိုးရ က ၄င်း အနေဖြင့် ကောင်စစ်ဝန်ရုံး အတွင် အခြားသူများနှင့် ခိုက်ရန် ဖြစ်ပွားသောကြောင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် အောက်တိုဘာ ၂၅ ရက်တွင် ဆော်ဒီအာရေဗျ နိုင်ငံ က သတင်းထောက် Jamal Khashoggi အနေဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။

(Xinhua)