အမျိုးအမည်မသိ ဒုံးကျည်ဖူးနှစ်ခု မြောက်ကိုရီးယားပစ်လွှတ်

မြောက်ကိုရီးယားသည် ယမန်နေ့က အမျိုးအမည်မသိဒုံးကျည် ထိပ်ဖူးနှစ်ခုကိုပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားအစိုးရက တာဝေးပစ်ဒုံးကျည်များပစ်လွှတ် စမ်းသပ်မှုနှင့်ပတ်သက်၍ ၄င်း၏ တရားဝင် ဆိုင်းငံ့ထားမှုကာလသည် ပြီးဆုံးသွားပြီဟု ထုတ်ပြန်ကြေညာခဲ့ပြီး သီတင်းပတ်အနည်း ငယ်အကြာတွင် ယခုကဲ့သို့ ပစ်ခတ်စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဒုံးကျည်ထိပ်ဖူးနှစ်ခုကို မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ ဘက် ကမ်းရိုးတန်းရှိ ဝန်ဆန်ဒေသမှ ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ အရှေ့ဘက်စူးစူးသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။ တောင်ကိုရီးယားစစ်တပ်အနေဖြင့် နောက်ထပ် ပစ်လွှတ်မှုများအား စောင့်ကြည့်လေ့လာနေလျက်ရှိပြီး အသင့်အနေအထားဖြစ်အောင်ပြင်ဆင်ထားသည်ဟု ကြေညာချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၂ဝ၁၉ ခုနှစ်နှောင်းပိုင်းတွင် လက်နက် စမ်းသပ်ပစ်လွှတ်မှုများအား ဆက်တိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ထဲမှ နောက်ဆုံးပစ်လွှတ်စမ်းသပ်မှုကို ပြီးခဲ့သည့် ၂ဝ၁၉ခုနှစ် နိုဝင်ဘာလထဲတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လောင်ချာစနစ်များကို စမ်းသပ်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရက ဖော်ပြခဲ့သော်လည်း အခြားသူများက တိုက်ချင်းပစ်ဒုံးကျည်များဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသည်။ Ref: AFP