လိဂ်ဖလားပြိုင်ပွဲတွင် သုံးကြိမ်ဆက်ဗိုလ်စွဲနိုင်ခဲ့ခြင်းကို ဂွါဒီယိုလာဂုဏ်ယူ

မန်စီးတီးနည်းပြ ဂွါဒီယိုလာ က လိဂ်ဖလားပြိုင်ပွဲ၌ သုံးကြိမ် ဆက်ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာကောင်းသော အောင်မြင်မှုဖြစ်သည်ဟု ပြောကြားလိုက်သည်။ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သောဗိုလ်လုပွဲတွင် မန်စီးတီးသည် ဗီလာအား ၂-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ၄င်းတို့သည် ၂ဝ၁၈၊ ၂ဝ၁၉ နှင့် ၂ဝ၂ဝ ဗိုလ်လုပွဲသုံး ကြိမ်ဆက်တိုက် အာဆင်နယ်၊ ချဲလ်ဆီးနှင့် ဗီလာတို့ကို အနိုင်ရကာ ဗိုလ်စွဲထားခြင်းဖြစ်သည်။

”ဒီပြိုင်ပွဲမှာ သုံးကြိမ်ဆက် ဗိုလ်စွဲခဲ့တာက တကယ့်ကိုကြီးမား တဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ပြိုင်ပွဲအပေါ် ကျွန်တော်တို့ရဲ့ အလေးထားမှုကိုလည်း ပိုမိုပေါ်လွင်စေခဲ့ပါတယ်။ ဗိုလ်လုပွဲအဆင့်အထိ ရောက်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ရတဲ့အဆင့်တွေရှိပါတယ်။ ပွဲတိုင်းကို အနိုင်ယူချင်တဲ့စိတ်နဲ့ ကြိုးစားခဲ့လို့ အခုလိုအောင်မြင်မှု ရခဲ့တာပါ”ဟု ဂွါဒီယိုလာက ပြောကြားသွားခဲ့သည်။ မန်စီးတီး သည် လက်ရှိတွင် လိဂ်ဖလားပြိုင်ပွဲ၌ ခုနစ်ကြိမ်အထိ ဗိုလ်စွဲခဲ့ပြီဖြစ်၍ အအောင်မြင်ဆုံးဖြစ်သော လီဗာပူးကိုမီရန် တစ်ကြိမ်သာလိုတော့ သည်။

Ref; BBC