မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆိုင်ရာ အစည်းအဝေး ကျင်းပ

 

မုံရွာ သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ခရိုင်ရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ခရိုင်ပါတီ ကော်မတီနှင့် မြို့နယ်ဥက္ကဋ္ဌများ ပါတီလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရ သည်။ ယင်းအစည်းအဝေးတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက ပါတီလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက် ထားရှိမှုများကို သုံးသပ်ဆွေးနွေးပေးပြီး ရှေ့ဆက်လက် ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးကြ စေချင်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ပါတီ ဥက္ကဋ္ဌများကလည်း မိမိတို့ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးပြီး ရှေ့ဆက်လက်ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များကို အသီးသီး တင်ပြဆွေးနွေး ကြသည်။

အစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင် မြို့နယ်တာဝန်ခံများ၊ ချောင်းဦးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မုံရွာမြို့နယ် အတွင်းရေးမှူး ဦးမြင့်စိုး၊ ဘုတလင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အရာတော် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကံထွန်းတို့ တက်ရောက်ကြကြောင်း သိရသည်။မြင့်အောင်မြင့်(မုံရွာ)