ရုရှားလက်ဝှေ့သမားကို ဒိုင်ပွဲရပ်ဖြင့် ထွန်းထွန်းမင်း အနိုင်ရ

ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံပြိုင်ပွဲကြီး တွင် မြန်မာလက်ဝှေ့အားကစားသမား ထွန်းထွန်းမင်းက ရုရှားလက်ဝှေ့သမား မီခေးလ်ဗက်ထရီလာကို ပဉ္စမအချီ၌ အမှတ်စဉ်ဖြင့် အနိုင်ယူပြီး ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံဟောင်း ထွန်းထွန်းမင်း က တစ်ကျော့ပြန် ရွှေခါးပတ်ကို ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ထွန်းထွန်းမင်း၏ လက်သီးချက်များကြောင့် မီခေးလ်ဗက်ထ ရီလာက အနားတောင်းခဲ့ရသလို စတုတ္ထ အချီတွင်လည်း မီခေးလ်ဗက်ထရီလာမှာ ထပ်မံရေတွက်ခံခဲ့ရသည်။ ပဉ္စမအချီတွင် ထပ်မံအမှတ်စဉ်ရေတွက်ခံရပြီးနောက် ထွန်းထွန်းမင်းက အနိုင်ရရှိခဲ့သည်။ အခြားရွှေခါးပတ်ပွဲစဉ်တစ်ခုဖြစ်သော တူးတူးနှင့် ဘရာဇီးလက်ဝှေ့ကစားသမား ဖာဘီရိုနှင့်ထိုးသတ်ခဲ့ရာတွင် သရေရလဒ် သာထွက်ပေါ်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် တူးတူးသည် ဖာဘီရိုကို အသာစီးဖြင့် ထိုးသတ်ခဲ့ပြီး တူးတူး၏ တရစပ်ထိုးချက်များကြောင့် ဖာဘီရိုမှာ စတုတ္ထအချီတွင် အမှတ်စဉ်ရေတွက်ခံခဲ့ရသလို အနားပါတောင်းခဲ့ရသည်။ အခြားသောရိုးရာ လက်ဝှေ့ပွဲစဉ်များတွင် ပြည်ပလက်ဝှေ့သမားများနှင့် မြန်မာလက်ဝှေ့သမားများထိုးသတ်ရာတွင် သရေ ရလဒ် ဖြင့်သာ ပြီးဆုံးသွားခဲ့သည်။