ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါတွင်းကာလ သံဃာတော်များအား အရုဏ်ဆွမ်း ကပ်လှူ

 

ရန်ကုန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူး၍ တတိယအကြိမ်မြောက် (ဝါတွင်းကာလ) လပြည့်လကွယ် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၅နာရီက မြို့နယ်ပါတီရုံး ခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုကို မြို့ပေါ်ရပ်ကွက်အတွင်း ဘုန်းတော်ကြီး ကျောင်းတိုက်ပေါင်း ၁၄ ကျောင်းမှ ဝါဆို သံဃာအပါး ၁၅၅ ပါးတို့အား တတိယအကြိမ်မြောက် ရပ်ကွက်ပါတီဝင်များနှင့် စုပေါင်းလျက် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းဇော်လတ်နှင့် မြို့နယ်ကော်မတီများ ဦးဆောင်ကာ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။  သူရအောင်(ပျော်ဘွယ်ကြီး)