ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျွန်းပင်သာအုပ်စု ပါတီးဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

မိုးကောင်း။ ဇွန် ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်း အောင်နှင့် နယ်မြေ (၂) တာဝန်ခံ ဦးစိုးနွယ်နှင့် မြို့နယ်ကော်မတီဝင်များ အင်အား (၁၅) ဦးတို့သည် ယမန်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုးကောင်းမြို့ ကျွန်းပင်သာအုပ်စု စံပါရီကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးအတွင်းရေးမှူး ဦးမောင်ထွန်း နေအိမ်တွင် ပါတီဆိုင်းဘုတ် စိုက်ထူခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ကော်မတီဝင်များ ကျွန်းပင်သာအုပ်စု ရပ်ကျေးပါတီဥက္ကဌနှင့် ရပ်ကျေးပါတီ ကော်မတီဝင်များ အင်အား (၃၀) ဦးဖြင့် မွှေးနံ့သာများ ပတ်ဖြန်း၍ ဓာတ်ပုံများမှတ်တမ်းတင် အခမ်းအနား အောင်မြင်စွာဖြင့် ပြီးမြောက်ခဲ့ပါသည်။

ကိုစိုး(မိုးကောင်း)