ခင်ဦးမြို့နယ် ကျွန်းလည်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ဝက်လက် စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ဗဟိုအမျိုး သမီးရေးရာညီလာခံကိုကြိုဆိုဂုဏ် ပြုသောအားဖြင့် ကျွန်းလည်ကျေး ရွာ ဦးကြည်မောင်၏နေအိမ်တွင် ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ပါတီဆိုင်းဘုတ်တင်ပွဲ နှင့်အတူ လူထုတွေ့ဆုံပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာဦးမြင့်သိန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေး နှင့်ခင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်း မြင့်တို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုကော် မတီဝင်ဒေါက်တာဦးမြင့်သိန်း၊တိုင်း ဒေသကြီးကော်မတီဝင် ဦးမင်းမင်း ဇေယျာမြင့်၊ ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့်ခရိုင်ကော်မတီဝင်များ၊ ခင်ဦးမြို့နယ်မှဥက္ကဋ္ဌနှင့်ပါတီကော် မတီဝင်များ၊ကျွန်းလည်ကျေးရွာမှ ပါတီဝင်များ စုစုပေါင်းအင်အား ၂ဝဝခန့်တက်ရောက်ကြောင်း သိရ သည်။

စိမ်းနိုင်(ဝက်လက်)