ရမည်းသင်းခရိုင်လူငယ်ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်လှုပ်ရှားမှုအဖွဲ့တို့ပူးပေါင်း၍ ထမနဲထိုးပြိုင်ပွဲကျင်းပ

 

ရမည်းသင်း ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် လူငယ်ရေးရာကော်မတီ နှင့် မန္တလေးတိုင်းဒေသကြီးလူငယ် လှုပ်ရှားမှုအဖွဲ့တို့ ပူးပေါင်းကျင်းပ သည့် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ခရိုင်ရုံးခန်းမ ၌ စည်ကားသိုက်မြိုက်စွာကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး လူငယ် တာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ တိုင်း ဒေသကြီး အမျိုးသမီးတာဝန်ခံ ဒေါ်လှလှအေး၊ ရမည်းသင်းခရိုင် နယ်မြေတာဝန်ခံ တိုင်းဒေသကြီး ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်ဥက္ကဋ္ဌဦးထွန်းထွန်း ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့ နယ်မှ မြို့နယ်ဥက္ကဋ္ဌများနှင့် မြို့ နယ်ကော်မတီဝင်များ၊ မန္တလေး တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှု အဖွဲ့ဝင်များနှင့် ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်တို့မှလူငယ်အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

ထမနဲထိုးပြိုင်ပွဲကို လူငယ်များ မှအဖွဲ့များ၊ အစုများခွဲ၍ ကျင်းပ ခဲ့ကြပြီး ဆက်လက်၍ မန္တလေး တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှု အဖွဲ့နှင့် ပျော်ဘွယ်၊ ရမည်းသင်း မြို့နယ် လူငယ်များသည် လူငယ် မိတ်ဆုံစကားဝိုင်းကို ကျင်းပခဲ့ကြ ပြီး လူငယ်များအပြန်အလှန် ဆွေး နွေးကြကာ မွန်းလွဲ ၃ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ကြောင်း သိရသည်။