မိုးမိတ်မြို့နယ်၌ ဒုတိယအကြိမ် စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

 

မိုးမိတ် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် (ဒုတိယ) အကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဆုတောင်းပြည့်ဘုရားဝင်း၌ကျင်းပရာ အသင်းပေါင်း ၁၄ သင်းပါဝင် ဆင်နွှဲကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

အဆိုပါ ထမနဲထိုး ပြိုင်ပွဲတွင် မိုးမိတ်မြို့ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြင့်ဌေးနှင့် မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များနှင့်ပူးပေါင်း၍ တစ်သင်းဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။