စီမော်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်

 

ရွှေကူ ဇွန် ၁၃

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမော်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်က စီမော်ကျေးရွာ ပါတီရုံးတွင် ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊ အတွင်းရေးမှူး ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်စုပါတီ ကော်မတီဝင်နှင့် ပါတီဝင်များ စုစုပေါင်း ၄၅ ဦး တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ မင်္ဂလာအချိန် ကျရောက်သည့်တွင် ပါတီဆိုင်းဘုတ်အား ပါတီနာယကများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်မင်းအမှူးပြုသော မြို့နယ်ပါတီ ကော်မတီအဖွဲ့ဝင်များက ဆုတောင်းပတ္ထနာပြု၍ အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းကြပြီး ပါတီဝင်များ၏ စုပေါင်းအားဖြင့်တင်မြှောက် ခဲ့ကြသည်။

ထို့နောက် ကျေးရွာအုပ်စုပါတီ ရုံးအပေါ်ထပ်တွင် အခမ်းအနား တက်ရောက်လာကြသူများနှင့် စကားဝိုင်းပြုလုပ် ခဲ့ကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မင်းက ပါတီဖြစ်ပေါ်လာပုံ၊ ပါတီ၏မူဝါဒ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးက ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အတူ ပုဒ်မ (၅၉) အကြောင်း သိကောင်းစရာများကို ရှင်းလင်းေ ဆွးနွေးပြီး အခမ်းအနားကို နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ဆီမီးခုံ-နန်းရီ