ရွှေလှေရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ချောင်းဦး ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာအုပ်စု ရွှေလှေရွာ ဦးလှဝင်း နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။ ရွှေလှေကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ကို ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက အမွှေးနံ့သာများ ပက်ဖျန်းပေးပြီး ပါတီဆိုင်းဘုတ်ကို ဖွင့်လှစ်ခဲ့ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဆိုင်းဘုတ်တင်ပွဲသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်း ထိုက်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရွှေလှေကျေးရွာ အုပ်စုအတွင်းရှိ ပါတီဝင်များနှင့် ပြည်သူများ စုစုပေါင်း ၃ဝ ကျော် တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ပါတီဝင်များနှင့် တွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်း၌ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်တိုးက ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေများ၊ တောင်သူလယ်သမားများအရေး၊ ရခိုင်နှင့် ဘင်္ဂါလီပြဿနာများ စသည်တို့ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များက မိမိတို့ကျေးရွာ၏ ယခင်အခြေအနေများ၊ ယခုအခြေအနေများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ မောင်မောင်မြင့်(ချောင်းဦး)