ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ရပ်ကျေးပါတီ ဥက္ကဋ္ဌများတွေ့ဆုံ

 

ရွှေဘို ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ရပ်/ကျေး ပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပွဲအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာစစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပါတီကော်မတီဝင် ရွှေဘိုမြို့နယ် တာဝန်ခံဦးတိုးမြင့်က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်က ပါတီရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်း ဆွေးနွေးပို့ချပြီးတက်ရောက်လာသူ ရပ်/ကျေး ပါတီဥက္ကဋ္ဌများက ဒေသအလိုက် ကျေးရွာအခြေအနေ များကို ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။

အဆိုပါပွဲကို ခရိုင်ပါတီကော် မတီဝင် မြို့နယ်ပါတီတာဝန်ခံ ဦးတိုးမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ်ပါတီကော် မတီဝင်များ၊ မြို့နယ်လူငယ်ရေးရာ အတွင်းရေးမှူး ဦးဇေယျာမိုးဇော် ဗိုလ်နှင့်လူငယ်များ တက်ရောက် ကြကြောင်း သိရသည်။

မိုးစက်လုလင်