ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

အမည် ————— ဦးနေလင်း
ပါတီ ——————— ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း—— BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် ——– ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

 

 

ဦးနေလင်း၏ ကိုယ်ရေးအကျဉ်း
*********************************
၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ကျွန်းကလေးရွာ၌ အဖ-ဦးသိန်းနှင့် အမိ-ဒေါ်ခင်သိန်းတို့မှ မွေးဖွားခဲ့သည်။ ၁၉၉၄ခုနှစ်တွင် အခြေခံပညာအထက် တန်းအောင်မြင်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (သမိုင်း) ကို ရရှိခဲ့ပါသည်။ ဇနီးမှာ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်(ခ) ဒေါ်မြင့်သူဇာခိုင် ကထိက (သမိုင်း)၊ ဒဂုံ တက္ကသိုလ်ဖြစ်သည်။

ပြည်သူ့အတွက် ဆောင်ရွက်ချက်
***********************************
၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၃) ရပ်ကွက် ရပ်ကွက်အမှုဆောင်အဖြစ် စတင်ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောင်းလဲဖွဲ့စည်းသည့်အခါတွင်လည်း ရပ်ကွက်ပါတီကော်မတီ အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ခိုင်ဖြိုး ပါတီဝင်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ မြို့နယ်အတွင်းရှိ သက်ကြီး ရွယ်အို ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဖွင့်လှစ် ထားသည့် ဖြိုးစေတနာအခမဲ့ဆေးခန်း အဖွဲ့ဝင်အနေဖြင့်လည်း မြို့နယ်အတွင်းရှိ ပြည်သူများအား အပတ်စဉ် သောကြာနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ကူညီပေးလျက် ရှိပါသည်။ ထို့အပြင် ရန်ကုန်တိုင်းပါတီကော်မတီမှ စီစဉ်ပြုလုပ်သည့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်သည့် ဖြိုးစေတနာ နယ်လှည့် ဆေးကုသရေး အဖွဲ့၊ ကိုရီးယားနိုင်ငံမှ ဆရာဝန်ကြီးများအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိမိဒေသအကျိုး၊ ဒေသခံမိဘပြည်သူ များ၏ အကျိုးအတွက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှား ဆောင်ရွက်ပေးခဲ့ပါ သည်။

၂ဝ၁၄ ခုနှစ်တွင် မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်လောင်း ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ပြည်သူလူထုမှ ရွေးချယ်တာဝန်ပေးအပ်ခဲ့သဖြင့် ၂ဝ၁၆ ခုနှစ်အထိ မြို့နယ်/ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂ဝ၁၆ခုနှစ်တွင် မြို့နယ်ပါတီကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ယနေ့အထိ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာများအထိသွားရောက်ကာ ဒေသခံ မိဘပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပါသည်။

ကျွန်တော့်ကို တာဝန်ပေးပါ
******************************
မှောင်မိုက်တဲ့ည ကြမ်းတမ်းတဲ့လမ်း အတူတူဖြတ်သန်းခဲ့၊ မြို့သစ်ရဲ့သရုပ် ရေမြုပ်ရေလျှံနဲ့ ခါးသီးတဲ့ဒုက္ခတွေ လွတ်မြောက်စေအတွေးနဲ့ ဝင်ရွေးတဲ့ကိုယ်စားလှယ်ပါ၊ မြို့သစ်နေပြည်သူတွေ ဘဝအခြေတင့်စေဖို့ ပညာရေး လည်းမြင့်စေ သွားလာရေးအဆင်ပြေရေး အရေးဆိုကာ လွှတ်တော် တင်ချင်ရဲ့ ပခုံးထမ်းကာ ကြိုးပမ်းချင်လှ သည်မို့ သည်တာဝန် ပြည်သူကပေးပါ လို့ တောင်းဆိုချင်ရဲ့။

အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။