ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များတွေ့ဆုံ လုပ်ငန်းညှိနှိုင်း

 

ကနီ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ခရိုင်ပါတီကော်မတီဝင် များနှင့် မြို့နယ်ပါတီကော်မတီဝင် များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ယင်းမာပင်ခရိုင် ပါတီဥက္ကဋ္ဌဦးသောင်းဟန်နှင့်အဖွဲ့၊ ကနီမြို့နယ်ပါတီ နာယကများ၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ကော်မတီဝင်များနှင့် အရန်ပါတီ ကော်မတီဝင်များ၊ လူငယ်ရေးရာအဖွဲ့များနှင့် အမျိုး သမီးရေးရာ အဖွဲ့များတက်ရောက် ခဲ့ကြသည်။ ဆက်လက်၍ တက် ရောက်သော နာယကများ၊ ပါတီ ကော်မတီဝင်များက တစ်ဦးကို တစ်ဦး အပြန်အလှန်မိတ်ဆက် ခြင်းများကို ရင်းရင်းနှီးနှီး နှုတ် ဆက်ခဲ့ကြသည်။ ထို့နောက် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက မြို့နယ်ပါတီကော်မတီ ဖွဲ့စည်း ထားရှိမှု အရန်ပါတီကော်မတီဝင် များ၊ရေးရာအဖွဲ့များ၊ မြို့နယ် ပါတီ၏ လက်ရှိဆောင်ရွက်ထားရှိ မှုများ၊ အခြားပါတီများ၏ လှုပ် ရှားမှုများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အချက်များ တင်ပြချက်များကို အခြေခံ၍ သုံးသပ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသောင်းဟန်က ယင်းမာ ပင်ခရိုင်အတွင်းရှိ လေးမြို့နယ်၏ အခြေအနေများကို ဆွေးနွေး သုံးသပ်ခြင်း၊ ကနီမြို့နယ်ပါတီ ကော်မတီဝင်များ၏ စွမ်းဆောင် ရည် တိုးတက်လာမှုမြင့်မားလာ ခြင်းများကို သုံးသပ်ဆွေးနွေးခဲ့ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲ အောင်နိုင် ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို အကြံပေး တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ လက်ရှိ ဖြစ်ပေါ်နေ သော နိုင်ငံရေးအခြေအနေများ၊ လက်ရှိပြည်သူများ တွေ့ကြုံခံစား နေရသည့် စီးပွားရေး၊ လူမှုရေး၊ အမျိုးသားရေး စသည့်အချက်များ ကို အခြေခံ၍ နယ်မြေကွင်းဆင်း ရာ၌ ဆောင်ရွက်သွားကြရန် အကြံပေးတိုက်တွန်းပြီး စည်းရုံး ရေးအတွက် လိုအပ်သည်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက် လာသော ပါတီကော်မတီဝင်များ က မိမိတို့တာဝန်ကျ နယ်မြေဒေသ အခြေအနေများကို တစ်ဦးချင်းရှင်း လင်းတင်ပြ၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန် နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျန် ထွန်းတို့က နယ်မြေခံပါတီကော် မတီများ၏ ဆွေးနွေးတင်ပြချက် များကိုပြန်လည်သုံးသပ်ရှင်းလင်း ပေးခဲ့ကြသည်။

အောင်မျိုးထွန်း(ကနီလူငယ်)