အစ္စရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ရန် နီးစပ်နေသည့် နေတန်ယာဟု

အစ္စရေးနိုင်ငံမှာ ဧပြီ ၉ ရက်က ကျင်းပတဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲ မဲရလဒ် ၉၇ ရာခိုင်နှုန်း ရေတွက်အပြီးမှာ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လစ်ကဒ်ပါတီနဲ့ အဓိကပြိုင်ဘက် ဘန်နီဂန့်ဇ်ရဲ့ အလယ်အလတ်ဝါဒီ Blue and White ညွန့်ပေါင်းပါတီတို့ဟာ မဲစုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းစီ ရထားပါတယ်။

ဒါပေမယ့် လစ်ကဒ်ပါတီဟာ လက်ယာယိမ်းပါတီနှစ်ခုနဲ့ မဟာမိတ်ပြုအပြီး အမတ်နေရာ ၁၂၀ ရှိတဲ့ လွှတ်တော်အတွင်း အမတ်နေရာ ၆၅ နေရာ ရသွားပြီလို့ AFP သတင်းဌာနက ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် နေတန်ယာဟုဟာ အစ္စရေးသမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ် ဖြစ်ခါနီးပြီလို့ မီဒီယာတွေက သုံးသပ် ဖော်ပြနေကြသလို နေတန်ယာဟုကလည်း ဒီညဟာ အင်မတန်ကြီးမားတဲ့ အောင်ပွဲခံတဲ့ညပဲလို့ ပြောလိုက်ပါတယ်။ နေတန်ယာဟု ဟာ ရွေးကောက်ပွဲ မတိုင်ခင်က အဂတိလိုက်စားမှု ၃ မှုနဲ့ စွပ်စွဲခံထားရပြီး သူကတော့ ၃ ခုလုံးမှာ အမှားမလုပ်ထားဘူးလို့ ငြင်းထားပါတယ်။

by DVB