ကျိုက်ထိုမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေး ဆိုင်းဘုတ်​တင်​ပွဲ ကျင်းပ

 

ဧပြီလ ၉၊ ကျိုက်ထို

(၉.၄.၂၀၁၉) ရက်​​နေ့ နံနက်​ (၉) နာရီအချိန်​တွင်​ ကျိုက်ပိကျေးရွာ ပါတီဝင် ဦးကျော်မြင့် ၏ ​နေအိမ်​၌လည်း​ကောင်း၊ (၁၀) နာရီအချိန်​၌ ကျိုက်ထိုမြို့နယ် မြောက်ပိုင်း ရပ်ကွက်နေ ပါတီဝင် ဦးသိန်းတိုး ၏ ​နေအိမ်​၌လည်း​ကောင်း ​ကျေးရွာပါတီ ဆိုင်း​ဘုတ်​တင်​ပွဲ အခမ်းအနားများကျင်းပပြုလုပ်​ ခဲ့ပါသည်​။

အဆိုပါ ရပ်​/​ကျေးပါတီ ဆိုင်းဘုတ်​တင်​ပွဲ အခမ်းအနားများသို့ ပြည်နယ်ပါတီ ကော်မတီဝင် ဦးဌေးလွင် ၊ ကျိုက်ထိုမြို့နယ် ပါတီ ဥက္ကဌ ဦးဇေယျာဦး ၊မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကြည်‌စိုး၊မြို့နယ် ပါတီ ကော်မတီဝင် များ၊ ရပ်​/​ကျေးအဖွဲ့များ၊ ပါတီအမာခံများ တက်​​ရောက်​ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်