ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်ထားသော တံခွန်အားမာန် လူမှုကူညီရေးအသင်း အခမဲ့တိုင်းရင်းဆေးပဒေသာပင်အတွက် အလှူငွေလှူဒါန်း

 

မန္တလေး ဧပြီ ၂

ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင် ဖြိုးပါတီမှဖွင့်လှစ်ထားသော တံခွန် အားမာန် လူမှုကူညီရေးအသင်း အခမဲ့တိုင်းရင်းဆေးပဒေသာပင် အတွက် အလှူငွေကျပ် ၁ဝဝဝဝဝ ကို ယမန်နေ့ နံနက် ၁၁နာရီက မြို့နယ် ပါတီရုံးရှိ အဆိုပါလူမှုရေးအသင်း တွင်အလှူရှင်ဦးနိုင်လင်းမိသားစုက ပေးအပ်လှူဒါန်းခဲ့သည်။

တိုင်းရင်းဆေးပဒေသာပင် အတွက် အလှူငွေအား အလှူရှင် မိသားစုကပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။

အလှူငွေပေးအပ်ရာသို့မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မြို့နယ်ပါတီ နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း၊ ပြည်ကြီးတံခွန် မြို့နယ် ပါတီဥက္ကဋ္ဌဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အလှူရှင်မိသားစုများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

တံခွန်အားမာန်လူမှုကူညီရေး အသင်းတွင် မြို့နယ်အတွင်းရှိ ပြည်သူများအပတ်စဉ်အင်္ဂါနေ့တိုင်း အခမဲ့တိုင်းရင်းဆေးကုသခြင်းများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သုတ