ဘိုးဘွားရိပ်သာနိဗ္ဗာန်ဈေးအတွက် ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း

 

မအူပင် ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် မြို့ရှောင် လမ်းရှိ မအူပင်ဘိုးဘွားရိပ်သာကြီး ၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ် ကုသိုလ်တော်ပွဲကို ယခုလ ၁၅ရက်မှ ၁၇ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်သည်။

ပွဲတော်ကျင်းပရာတွင် နိဗ္ဗာန် ဈေးပွဲတော်လည်းပါဝင်မည်ဖြစ်ပြီး ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတ အသင်း(မအူပင်)မှဆိုင်ခန်းတစ်ခန်း ဖွင့်လှစ်မည်ဖြစ်ရာ မအူပင် ပြည် ခိုင်ဖြိုးပါတီမှ လှူဒါန်းငွေကျပ် ၁ဝဝဝဝ အား ပါတီဥက္ကဋ္ဌ ဦးစော သောင်းဒန်က ယခုလ ၁၁ ရက် ကလှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)