ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးရုံးတွင် ပါတီလုပ်ငန်းနှင့်စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ (၂၅.၁၀.၂၀၁၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်းအတွင်းရှိ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအတိုင်ပင်ခံမှ အဖွင့်နှုတ်ခွန်းဆက်ဆွေးနွေးကာ တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူမှ ဆွေးနွေးပွဲနှင့်ပတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

14713602_561388740725533_7906527398058031907_n

ဆွေးနွေးပွဲကို နံနက် ၉နာရီမှ မွန်းလွဲ ၄ နာရီအထိ ယခုလ ၂၅ ရက်နှင့် ၂၆ရက်တို့တွင် ကျင်းပ သွားမည်ဖြစ်ကာ ဆွေးနွေးပွဲများတွင် ပါတီစည်းရုံးရေးလုပ်ငန်း၊ ပါတီဖွဲ့စည်းပုံလုပ်ငန်း၊ ပါတီ ဘဏ္ဍာရေးနှင့်စီးပွားရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ လူထုအကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ပါတီအောင်နိုင်ရေး အစရှိသည် တို့ကို တိုင်းဒေသ ကြီးပါတီမှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

# Zaw Aung Htet


Leave a Reply