စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်စည်းဝေးပွဲကျင်းပ

 

စလင်း ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်ပုံမှန် အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက စလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အတွင်းရေးမှူးဦးဇော်နိုင်က အဖွင့် အမှာစကားပြောကြားသည်။ ယင်း အစည်းအဝေးသို့ မြို့နယ်ကော်မတီ ဝင်များ၊ပါတီ၏ရပ်/ကျေးဥက္ကဋ္ဌများ၊ ပါတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြ၍ မိမိဒေသနယ်မြေအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးအခမ်း အနားကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။