တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌထားဝယ်မြို့နယ် ရပ်ကျေးအုပ်စုပါတီကော်မတီဝင်များ မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်

 

ထားဝယ် မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက် ကျေးရွာအုပ်စုကော်မတီဝင်များ မွမ်းမံ သင်တန်း(၁/၂ဝ၁၉)ဖွင့်ပွဲကို တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အတူ ဒုဥက္ကဋ္ဌဒေါက်တာ ဝင်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်နှင့် အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော် မတီဝင်များ၊ ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးယုနိုင်နှင့်အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ၊ ရပ်/ကျေးအုပ်စု ကော်မတီဝင်များ တက်ရောက်ခဲ့သည်။ သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

မင်းဇော်(ထားဝယ်)