သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နည်းပြအဖြစ် ရီးနာ့စ်မစ်ချယ် နှင့် ဖာဂူဆန်တို့ ထိပ်ဆုံး၌ ရပ်တည်

သြဇာကြီးမားသော မဂ္ဂဇင်း France Football ၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနည်းပြ ၅၀ ဦးစာရင်းတွင် နယ်သာလန် နည်းပြဟောင်း ရီးနာ့စ်မစ်ချယ်က ဦးဆောင်နေပြီး ဒုတိယနေရာ၌ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ရပ်တည်နေသည်။

ပရီးမီးယားလိဂ်ဖလား ၁၃ လုံးနှင့် ချန်ပီယံလိဂ်ဖလားနှစ်လုံး ရရှိခဲ့သည့် ဖာဂူဆန်ကိုဘောလုံးလောက၏ လူပုဂ္ဂိုလ်အများအပြားကအကြီးကျယ်ဆုံး နည်းပြအဖြစ် သတ်မှတ်ထားသော်လည်း France Football က ပြင်သစ် နည်းပြဟောင်း မစ်ချယ်ကိုနံပါတ် (၁) အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၅ မတ်လက ကွယ်လွန်ခဲ့သော မစ်ချယ်သည် ဂျာမနီ၊ စပိန်နှင့် နယ်သာလန်တို့တွင် ဆုဖလားများစွာ ရရှိခဲ့သည်။ ၎င်း သည် ၁၉၇၀ ပြည့်နှစ်များက နယ်သာလန်ဘောလုံးလောကကို ကြီးစိုးသူအဖြစ် သတ်မှတ်ခံရပြီး ၁၉၉၉ က ဖီဖာ၏ ရာစုနှစ်တစ်ခုစာ၏ အကောင်းဆုံး နည်းပြအဖြစ် သတ်မှတ်ခံရခြင်းအပါအဝင် အခြားဆုဖလား များစွာ ရရှိခဲ့သည်။

၎င်းနှင့် ဖာဂူဆန်တို့နောက် တတိယနှင့် စတုတ္ထနေရာတွင် အာရီဂိုဆက်ချီနှင့် ဂျိုဟန်ခရိုက်ဖ်တို့ ရပ်တည်နေပြီး ယင်းစာရင်း၏ နံပါတ် (၅) နေရာ၌ လက်ရှိမန်စီးတီး နည်းပြ ဂွာဒီယိုလာ ရှိနေသည်။

လက်ရှိနာပိုလီနည်းပြ ကားလို့စ်အန်ဆယ်လော့တီ သည် နံ ပါတ် (၈) နေရာ၌ ရှိနေကာ မော်ရင်ဟိုမှာ နံပါတ် (၁၄) နေရာ၌ ရှိနေသည်။ 

—Ref: Daily Mail