ပေါင်းတည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ရေနွေးကြမ်းစကားဝိုင်းဖွဲ့ဆွေးနွေးလက်တွေ့အသုံးချဆပ်ပြာရည်ပြုလုပ်နည်းပြသ

 

ပေါင်းတည် မတ် ၅

ပဲခူးတိုင်းဒေသကြီး အနောက် ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ သည် သပြေကြီးစု အုပ်စုအတွင်းရှိ ခေါင်းစွဲ၊ ယင်းမာကုန်း၊ ဧကရာဇ် ကုန်း၊ ဆင်သပြေကုန်းကျေးရွာများမှ အမျိုးသမီးရေးရာအဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏အခြေအနေအရပ်ရပ် နှင့် ၂ဝဝ၈ အခြေခံဥပဒေဆိုင်ရာ အကြောင်းများကို ရှင်းလင်းပြော ကြားခဲ့ကြကြောင်း သိရသည်။

ရေနွေးကြမ်း စကားဝိုင်းသို့ဒေါ်ထားထားနု(ဗဟို ပါတီကော်မတီဝင်တိုင်းဒေသကြီး အမျိုးသမီးရေးရာ တာဝန်ခံ)၊ ဒေါ်ဆွေဆွေသင်း(ခရိုင်အတွင်း ရေးမှူး)၊ဦးအောင်နိုင်ဦး(မြို့နယ် ဥက္ကဋ္ဌ)နှင့်ကော်မတီဝင်များစုံညီစွာ ဝိုင်းဖွဲ့အမြင်ချင်းဆွေးနွေးကြကာ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို လူသုံး ကုန်ထုတ်လုပ်မှုသင်တန်း (ရွှေတောင်)ဆင်းများဖြစ်ကြသော ဒေါ်ထားထားနုနှင့်ဒေါ်ဝင်းဝင်းမော် တို့က လက်တွေ့သင်ကြားပြသ ပေးခဲ့သဖြင့် ဒေသခံများအတွက် လည်း များစွာအကျိုးရှိခဲ့ကြောင်း သိရသည်။