လန်ဒန်မြို့သားတစ်ဦး AIDS ရောဂါ ဒုတိယမြောက်ပျောက်ကင်းသူဖြစ်လာ

ပင်မဆဲအစားထိုးကုသမှု လုပ်ဆောင်ပြီးနောက် လန်ဒန်မြို့သားတစ်ဦးသည် AIDS ရောဂါဒုတိယမြောက် ပျောက်ကင်းသူ ဖြစ်လာကြောင်း လွန်ခဲ့သည့် တင်္နလာနေ့က ထုတ်ဝေခဲ့သည့် Nature ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ဂျာမဏီအခြေစိုက်ဆရာဝန်များအဖွဲ့က အဆိုပါပင်မဆဲလ်အစားထိုးခြင်းကို HIV ရောဂါကူးစက်ခြင်းခံနေရသည့် လန်ဒန်မြို့သားတစ်ဦးကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ လန်ဒန်မြို့သား သည် ၂၀၀၃ခုနှစ်တွင် HIV ပိုးရှိနေကြောင်း စတင်သိရှိခဲ့ရကာ ၂၀၁၂ ခုနှစ်တွင် HIV ဆေးဝါးများစတင်သုံးစွဲခဲ့ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်တွင် ပင်မဆဲလ် အစားထိုးကုထုံးဖြင့် ကုသမှုခံယူရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ပင်မဆဲအစားထိုးကုသမှုသည် အလွန်အန္တရာယ်များသော ကုထုံးတစ်ခုဖြစ်ကာ အခြားလူနာများအား စမ်းသပ်ကုသပေးရန်အတွက်မူ သင့်လျော်သည့် ကုထုံးတစ်ခု ဖြစ်လာနိုင်ဖွယ်မရှိဟု Nature ဂျာနယ်က ဖော်ပြခဲ့သည်။

ပင်မဆဲအစားထိုးကုသမှုကိုခံယူခဲ့သည့် အဆိုပါလန်ဒန်မြို့သားသည် HIV ဆေးဝါးသုံးစွဲမှုကို ရပ်တန့်ခဲ့ရာ ၁၈ လ ကြာအချိန်တွင် ၎င်း၌ HIV ဗိုင်းရပ်ကို မတွေ့ရတော့ဟု ဆိုသည်။ အဆိုပါ ပင်မဆဲလ် အစားထိုးကုထုံးဖြင့် ပထမဆုံး ကုသအောင်မြင်ခဲ့သူမှာ အသက် ၁၂ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား တင်မိုသီဘရောင်းဆိုသူဖြစ်ပြီး ၎င်းကို ဂျာမဏီနိုင်ငံတွင် ကုသပေးခဲ့ခြင်းဖြစ်သည်။ ဘရောင်းကိုကုသပေးခဲ့သူ ဂျာမနီဆရာဝန်ဒေါက်တာ ဂီရိုဟက်တာက ယင်းကုသမှုအောင်မြင်ခြင်းသည် သတင်းကောင်းတစ်ခုဖြစ်ပြီး HIV ရောဂါကို ကုသရန် နည်းလမ်း တစ်ခု ရရှိလာခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

-Ref:Thestandardtime