၁၂ နှစ်ရွယ်တွေ ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ်ပေးမယ့် ဥပဒေ

ဖိလစ်ပိုင်နိုင်ငံမှာ အသက် ၁၂ နှစ်ကလေးတွေ ရာဇဝတ်မှုကျူးလွန်ရင် ထောင်ဒဏ်အပြစ်ပေးမယ့် ဥပဒေကို ရေးဆွဲနေပြီး၊ လွှတ်တော်အမတ်တွေက ထောက်ခံနေကြတယ်လို့ သိရပါတယ်။

သမ္မတဒူတာတေးက ၉ နှစ်အရွယ်ကစပြီး ထောင်ဒဏ်အပြစ်ပေးမယ့် ဥပဒေပြဌာန်းဖို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်က အဲဒီအသက်အရွယ်ကိုတော့ လက်မခံကြဘဲ အသက် ၁၂ နှစ်အရွယ်လို့ သတ်မှတ်ဖို့ အတည်ပြုလိုက်ပါတယ်။ လက်ရှိပြဌာန်းထားတဲ့ ဥပဒေက အသက် ၁၅ နှစ်အရွယ်ရောက်မှ ထောင်ဒဏ် အပြစ်ပေးနိုင်တဲ့အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအခွင့်အရေးကော်မတီကတော့ ထောင်ဒဏ်အပြစ်ပေး နိုင်တဲ့အရွယ်ဟာ အသက် ၁၄ နှစ်ပဲ ဖြစ်သင့်တယ်လို့ ပြောဆိုထားပါတယ်။ ဖိလစ်ပိုင်မှာ ဒီဥပဒေသာ ပြဌာန်းလိုက်ရင် အာဖဂန်နစ္စတန်နဲ့ တူသွားမှာဖြစ်ပါတယ်။ အသက် ၁၂ နှစ်အရွယ် ကလေးကို ထောင်ဒဏ် အပြစ်ပေးမယ်ဆိုတာ သိပ်ငယ်လွန်းတယ်လို့ ထင်မြင်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။ 

-Ref: RFA