ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နာဂလန်းပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂

အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သည့်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နာဂလန်း ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သောအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝနာရီ ၄၅ မိနစ်တွင် Patna မြို့မှ လေကြောင်းခရီးစဉ်ဖြင့် စတင်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် Guwahati မြို့သို့ ရောက်ရှိခဲ့သည်။ ထို့နောက် Guwahati မြို့မှ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Kohima မြို့သို့ ရောက်ရှိခဲ့ပြီး
ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သောအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Hon’ble Governor ofNagaland )PBAcharya,မှနေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။
(၁၉၃၀)နာရီတွင်Dimapur(Nagaland)သို့ရောက်ရှိပြီးပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သောအဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့အား Nagaland ဝန်ကြီးချုပ်Padmanabha Balakrishna Acharya က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။