ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကောလင်း မတ် ၃

ကောလင်းမြို့နယ် တောင်ကြားအုပ်စု ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အမှုဆောင်ဦးစိန်လွင်နေအိမ်တွင် ယမန်နေ့ နံနက်၁ဝနာရီခွဲကပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းလူအင်အား ၆ဝ တက်ရောက်ခဲ့ကြသည်။

ဆိုင်းဘုတ်တင်ပြီးနောက် ပါတီဝင်များနှင့် ရပ်မိရပ်ဖများအား ပါတီကော်မတီဝင်များက ရေနွေးကြမ်းစကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ ကြသည်။

ကျော်လွင်ဦး(ကောလင်း)