တံတားဦးမြို့နယ်​၊ လက်​​ဆောင်​ယူ ​ကျေးရွာအုပ်​စု၊ ဥယျာဉ်​​ကျေးရွာ စာကြည့်တိုက်​ ​ဆောက်​လုပ်​ရန်​အတွက်​ ပန္နက်​​တော်​တင်​ မင်္ဂလာအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝင်း​မောင်​ တက်​​ရောက်

 

ဖေ​ဖော်​ဝါရီ(၁၉)

မန္တ​လေးတိုင်း​ဒေသကြီး၊ ​ကျောက်​ဆည်​ခရိုင်​၊ တံတားဦးမြို့နယ်​၊ လက်​​ဆောင်​ယူ ​ကျေးရွာအုပ်​စု၊ ဥယျာဉ်​​ကျေးရွာ၊ ​ရွှေဥယျာဉ်​စာသင်​တိုက်​အတွင်း စာကြည့်တိုက် ​ဆောက်​လုပ်​ရန်​အတွက်​ ပန္နက်​​တော်​တင်​မင်္ဂလာ အခမ်းအနားကို ယ​မန်နေ့ နံနက် ​(၉) နာရီ (၃၀) မိနစ်​က အဆိုပါ​ကျေးရွာရှိ စာကြည့်တိုက် ​ဆောက်​လုပ်​မည့် မြေနေရာတွင်​ ကျင်းပခဲ့ရာ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​ခဲ့သည်​။

အဆိုပါ စာကြည့်တိုက်​ ​ဆောက်​လုပ်​နိုင်​ရန်​အတွက်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီနှင့် တိုင်း​ဒေသကြီးအတွင်းရှိခရိုင်​နှင့် မြို့နယ်​ များမှ စု​ပေါင်းလှူဒါန်းခြင်းဖြစ်​​ကြောင်း သိရသည်​။

အခမ်းအနားအား မင်္ဂလာအချိန်​ကျ​ရောက်​​သော အချိန်​တွင်​ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​နှင့် တာဝန်​ရှိသူများက မင်္ဂလာပန္နက်​ရိုက်​၍ အ​မွှေးနံ့သာရည်​များပက်​ဖြန်း ​ပေးခဲ့သည်​။

ထို့​နောက်​ ​ပါတီဗဟိုအလုပ်​အမှု​ဆောင် ဦးဝင်း​မောင်​နှင့် အဖွဲ့သည်​ ရွှေဥယျာဉ်​တိုက်​ ဆရာ​တော်​ ဦးသုမင်္ဂလအား ဖူး​မျှော်​ကြည်​ညို၍ လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​ လှူဒါန်းခဲ့သည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​နှင့်အတူ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမြတ်​သူ၊ ဦး​ကျော်​စန်း၊ ​ဒေါ်သိင်္ဂီ​အောင်​၊တံတားဦးမြို့နယ်​ ပါတီဥက္ကဋ္ဌ ဦးဝင်း​မင်းထွန်းနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ စဉ့်ကိုင်မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးကြည်​ပြုံး၊​ ​ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီဝင်​များ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

တံတားဦး သုတ