ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ပူတာအိုခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဒေသခံတိုင်းရင်းသားလူမျိုးများမှ လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်

 

ပူတာအို၊ ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့သိုရောက်ရှိခဲ့ရာ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးရာဝမ်ဂျုံနှင့်အတူ ပူတာအိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားလူမျိုးများ စုစုပေါင်းအင်အား ၁၅၀ ဦးမှ ရင်နှီးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် တို့လိုက်ပါခဲ့ကြသည်။