ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ညောင်တုန်းမြို့တွင်ကျင်းပ

 

ညောင်တုန်း ဖေဖော်ဝါရီ ၁၂

ညောင်တုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်ထောင်စုနေ့အထိမ်း အမှတ်အဖြစ်ကျင်းပသော ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဖလား ပိုက်ကျော် ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီက ကျင်းပခဲ့ သည်။

အခမ်းအနားတွင်မြို့နယ် ပါတီဥက္ကဋ္ဌဦးအောင်မြသန်းကပွဲကျင်း ပရခြင်းကို ရှင်းလင်းပြောကြား ခဲ့ပြီး လူငယ်ရေးရာတာဝန်ခံဦးမျိုး သီဟက မျိုးဆက်သစ်လူငယ်များ အားအမှာစကားပြောကြားခဲ့သည်။ အခမ်းအနားတွင် ပထမဆုရ ကျုံတမာအသင်းကို ပါတီဥက္ကဋ္ဌ ဦးအောင်မြသန်းက လည်းကောင်း၊ ဒုတိယဆုရ မြို့မဇုန်(၆)အသင်း အား မြို့နယ်ပါတီကော်မတီဝင် ဦးကျော်ဝင်းဦးကလည်းကောင်း၊ တတိယဆုရ မြို့မဇုန်အသင်းကို မြို့နယ်ကော်မတီဝင်ဦးမျိုးသီဟက လည်းကောင်း၊ အကောင်းဆုံးဆုရ ကစားသမားများကို မြို့နယ် ကော်မတီဝင်အသီးသီးက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို မွန်းတည့် ၁၂နာရီတွင် ပြီးစီး ခဲ့ကြောင်း သိရသည်၊၊

ကျော်သူရဦး