ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်တံတားမြို့နယ်ပါတီဝင်များ စုပေါင်းလုပ်အားပေး

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်တံတားမြို့နယ်ပါတီဝင်များ စုပေါင်း၍ မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်အတွင်းရေးမှူး ဦးမောင်မောင်နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းမြင့်၊ အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်အေးမိစံနှင့်ကော်မတီဝင်များ၊ ရပ်ကွက်များမှပါတီဝင်များက ဆူးလေစေတီတော်ရင်ပြင်၌ လုပ်အားကုသိုလ်အဖြစ် ယမန်နေ့ ညနေ ၅ နာရီတွင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆူးလေစေတီတော်ရင်ပြင်၌ လုပ်အားကုသိုလ်အဖြစ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြရန်အတွက် ယခုလ ၁၄ ရက်ညနေပိုင်းက ပြုလုပ်ခဲ့သော မြို့နယ်ပါတီရုံးရှိ အပတ်စဉ်ပုံမှန်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယခင် အပတ်လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်အတွင်းရေးမှူး ဦးမောင်မောင်နိုင်နှင့်အတူ မြို့နယ်ကော်မတီဝင်များမှ အသေးစိတ်ဆွေးနွေး ခဲ့ကြကြောင်းလည်း သိရသည်။

 မောင်စိန်ဝင်း