ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးသိန်းဇော် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

မိုးညှင်း ဖေဖော်ဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတိုင်ပင်ခံ ပြည်ထောင်စုငြိမ်း ချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးသိန်းဇော်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းရုံးတွင် ပါတီ ဝင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ ခဲ့သည်။

အခမ်းအနားတွင် မိုးညှင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလမိုင် က မိုးညှင်းမြို့နယ်အတွင်းစည်းရုံးရေးဆိုင် ရာလုပ်ငန်းများနှင့်ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ ခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင် ပင်ခံ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌသီရိပျံချီဦးသိန်းဇော်က လမ်း ညွှန်အမှာစကားဟြေကြားခဲ့ပြီး အခမ်းအနား သို့တက်ရောက်လာသည့် ပြည်ခိုင်ဖြိုးပါတီ ဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးလမိုင်နှင့်အဖွဲ့ဝင် များ၊ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကချင်မြေနဂါး