ကမ္ဘာ့လုပ်ခလစာအများဆုံးရရှိတဲ့ ကစားသမားအဖြစ် မက်ဆီ ရပ်တည်

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ အခွန်မဆောင်မီ တစ်လပေါင် (၇.၃)သန်းရရှိခဲ့ပြီး ကမ္ဘာ့လုပ်ခလစာ အများဆုံး ရရှိတဲ့ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

မက်ဆီရဲ့လစာဟာ လက်ရှိဂျူဗင်တပ်မှာကစားနေတဲ့ တိုက်စစ်မှူးစီ ရော်နယ်ဒို ရဲ့ လစာထက် (၂)ဆနီးပါး ရှိနေပါတယ်။ ပြင်သစ်သတင်းစာ L’Equipe ရဲ့ နှစ်ပတ်လည်လစာထုတ်ပြန်ချက်အရ ဥရောပမှာရှိတဲ့ လစာအများဆုံး ကစားသမား(၁၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ ဒီ(၁၀)ဦးစာရင်းမှာ စပိန်က (၅)ဦး၊ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာကစားနေတဲ့ ကစားသမား(၂)ဦးစီနဲ့ အီတလီက ကစားသမား(၁)ဦးပါသာ ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကစားသမားတွေ လစာများစွာရရှိနေတာဟာ လျိုဝှက်စရာ မဟုတ်ပေမယ့် မက်ဆီရဲ့ တစ်လစာဝင်ငွေ ကတော့ ထူးခြားနေတာအမှန်ပါ။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ဘာစီလိုနာနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ကြောင့် အခုလို မက်ဆီ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ အခွန်မဆောင်မီ တစ်လကို ပေါင်(၄.၁)သန်း ရရှိနေပါတယ်။

လုပ်ခလစာအများဆုံးကစားသမား(၁၀)ဦးစာရင်း

  1. Lionel Messi – £7.3million
  2. Cristiano Ronaldo – £4.1million
  3. Antoine Griezmann – £2.9million
  4. Neymar – £2.7million
  5. Luis Suarez – £2.5million
  6. Gareth Bale – £2.2million
  7. Philippe Coutinho – £2million
  8. Alexis Sanchez – £2million
  9. Kylian Mbappe – £1.5million
  10. Mesut Ozil – £1.4million

-Ref:Skynetsports