ထောင်ကျနေသည့် ဘာရိန်းဘောလုံးသမားကိစ္စ ညှိနှိုင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထောင်ကျနေတဲ့ ဘာရိန်းဘောလုံးသမား ဟာကင်းမ် အယ်လ် အရိုင်ဘီနဲ့ ပတ်သက်လို့ ထိုင်းအစိုးရဟာ သြစတြေးလျ၊ ဘာရိန်းတို့နဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းဆိုသလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း အယ်လ်အရိုင်ဘီကို ထိန်းသိမ်းတာဟာ ဥပဒေနဲ့အညီ ဖြစ်ပြီး ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဖိအားပေးတာကို ခေါင်းငုံ့ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ တရားရုံးကြားနာစဉ် ကာလအတွင်း နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အဖြေမျိုး ရှာဖွေဖို့ သြစတြေးလျနဲ့ ဘာရိန်းနိုင်ငံတွေကို တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် တရားရုံးစီရင်ချက်နဲ့ ပတ်သက်လို့ အလွယ်တကူ ကောက်ချက်မဆွဲကြဖို့လည်း ဝန်ကြီးချုပ်  ပရာယွတ်က သတင်းထောက်တွေကို ပြောပါတယ်။

  by DVB