အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ် သမ္မတရွေးကောက်ပွဲဝင်မည်

အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ်ဟာ လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂတ်ဘတ်က သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်တာကို   သူတာဝန်ထမ်းတဲ့ ဟာဝိုင်အီ ပြည်နယ်မှာ တရားဝင်ကြေညာလိုက်တာပါ။

အမေရိကန်ကပြား ဂတ်ဘတ်ဟာ အမေရိကန်ကွန်ဂရက်မှာ ပထမဆုံး ရွေးကောက်ခံရတဲ့ ဟိန္ဒူဘာသာဝင် ဖြစ်ပါတယ်။

ဂတ်ဘတ်က ဆီးရီးယားအရေးမှာ အမေရိကန် ကြားဝင်တာကို အစဉ်တစိုက်ဆန့်ကျင်ပြီး ၂၀၁၇ ခုနှစ်က သူဟာ ဆီးရီးယားသမ္မတ အာဆတ်ကို တိတ်တဆိတ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီအတွက် ပါတီက သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဂတ်ဘတ်ဟာ အာဆတ်ဖြုတ်ချရေးကို ဆန့်ကျင်သူတဦး ဖြစ်ပါတယ်။

အီရတ်စစ်ပြန်တဦးဖြစ်တဲ့ ဂတ်ဘတ်ဟာ အောက်လွှတ်တော်အမတ်အဖြစ်  စစ်ပြန်တွေရဲ့ အရေးကိစ္စကို ဦးစားပေး လုပ်ဆောင်နေပါတယ်။

by DVB