စင်ကာပူ အိတ်ခ်ျအိုင်ဗွီဝေဒနာရှင်မှတ်တမ်းများ အွန်လိုင်းပေါ်တွင် ပေါက်ကြားမှုဖြစ်ပေါ်

စင်ကာပူနိုင်ငံတွင် ပြည်ပခရီးသွားဧည့်သည်များ အပါအဝင် အိတ်ခ်ျအိုင်ဗွီရောဂါရှိကြောင်း စစ်ဆေး တွေ့ရှိထားသည့် လူပေါင်း ၁၄၀၀၀ ကျော်နှင့်ပတ်သက်သော လျှို့ဝှက်သတင်း အချက်အလက်များ ခိုးယူခံလိုက်ရပြီး အွန်လိုင်းပေါ်တွင် ပေါက်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ကျန်းမာရေးဆိုင်ရာ အသေးစိတ်အချက်အလက်များသည် ဇန်နဝါရီ ၂၉ ရက်တွင် ပေါက်ကြားခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

အိတ်ခ်ျအိုင်ဗွီရောဂါရှိနေသော အမေရိကန်နိုင်ငံသားတစ်ဦး၏ မိတ်ဆွေဖြစ်သည့် စင်ကာပူဝါရင့်ဆရာဝန် တစ်ဦးသည် အဆိုပါအချက်အလက်ပေါက်ကြားမှု၏ နောက်ကွယ်တွင်ရှိသည်ဟု တာဝန်ရှိသူများက ယူဆထားသည်။

စင်ကာပူနိုင်ငံတွင် ယမန်နှစ်က ဝန်ကြီးချုပ်လီရှန်လွန်းအပါအဝင် စင်ကာပူနိုင်ငံသား ၁ ဒသမ ၅ သန်း၏ မှတ်တမ်းများ ခိုးယူခံရပြီးနောက် လပိုင်းမျှအကြာတွင် ယခုကဲ့သို့ ဟက်ကာ တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုနောက်ဆုံးပေါက်ကြားခဲ့သော လျှို့ဝှက်သတင်းအချက်အလက်များတွင် အမည်များ၊ အိတ်ခ်ျအိုင်ဗွီ ရောဂါအခြေအနေများနှင့် အခြားသော ဆေးဘက်ဆိုင်ရာ သတင်းများပါဝင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

—Ref:Thestandartime