ရန်ကုန် ဇန်နဝါရီ ၂၈ သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အမျိုးသမီးထု တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ ကြောင်း သိရသည်။ အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင် အမျိုး သမီးတာဝန်ခံ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် အမျိုးသမီးတာ ဝန်ခံ ဒေါ်လဲ့လဲ့အေးက ဗဟိုအမျိုး သမီးညီလာခံအတွေ့အကြုံများ ရှင်း လင်းတင်ပြပြီး သာကေတမြို့နယ် ကော်မတီဝင်အမျိုးသမီးတာဝန်ခံ ဒေါ်သန်းသန်းက ရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးတင်ပြသည်။ ထို့နောက်တက်ရောက်လာကြ သော အမျိုးသမီးများက အားနည်း ချက်အားသာချက်များကိုဆွေးနွေး တင်ပြကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေက နိဂုံးချုပ်စကားပြော ကြားပြီးအခမ်းအနားကို မွန်းလွဲ ၂ နာရီ ၄၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ TKA (သာကေတ)

 

ရန်ကုန် ဇန်နဝါရီ ၂၈

သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အမျိုးသမီးထု တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင် အမျိုး သမီးတာဝန်ခံ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် အမျိုးသမီးတာ ဝန်ခံ ဒေါ်လဲ့လဲ့အေးက ဗဟိုအမျိုး သမီးညီလာခံအတွေ့အကြုံများ ရှင်း လင်းတင်ပြပြီး သာကေတမြို့နယ် ကော်မတီဝင်အမျိုးသမီးတာဝန်ခံ ဒေါ်သန်းသန်းက ရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးတင်ပြသည်။

ထို့နောက်တက်ရောက်လာကြ သော အမျိုးသမီးများက အားနည်း ချက်အားသာချက်များကိုဆွေးနွေး တင်ပြကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေက နိဂုံးချုပ်စကားပြော ကြားပြီးအခမ်းအနားကို မွန်းလွဲ ၂ နာရီ ၄၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။

TKA (သာကေတ)