ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်း ခရိုင် မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

မန္တလေး ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်သည် ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင်ဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာ စကားပြောကြားပြီးနောက် တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ခံများက မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြော ကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက်လာသော တိုင်း ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီ များမှ လူငယ်တာဝန်ခံများက နယ် မြေအလိုက် လူငယ်ရေးရာကိစ္စများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ဆွေးနွေးခဲ့ကြပြီးနောက် ခရိုင်နှင့် မြို့နယ်အသီးသီးမှ ပါတီ တာဝန်ရှိသူများက နယ်မြေဒေသ အလိုက် ပါတီလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုများအား တင်ပြ ဆွေးနွေးကြရာ တိုင်းဒေသကြီး ပါတီမှ တာဝန်ရှိသူများက တင်ပြ လာမှုများအပေါ်ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က နိဂုံး ချုပ် အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ယနေ့ ကျင်းပသော အစည်း အဝေးတွင် ပါတီဗဟိုဌာနချုပ်မှ ချမှတ်ထားသော ပါတီလုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နယ်မြေဒေသ အလိုက် ပါတီစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပါတီဝင်များသည် ပြည်သူ လူထုနှင့်စဉ်ဆက်မပြတ်ထိတွေ့၍ ပြည်သူလူထု အခက်အခဲများရှိပါ က ဥပဒေဘောင်အတွင်း ကူညီ ဆောင်ရွက်ပေးနိုင်ရေး အစရှိသည် တို့ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသ ကြီးပါတီကော်မတီဝင်များ၊ ခရိုင် နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ နှင့် အတွင်းရေးမှူးများ၊ ပါတီဝင် လူငယ်များအပါအဝင် စုစုပေါင်း အင်အား ၁၂ဝကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)