ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု သံဃာအပါး ၉ဝ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ရှေး ဟောင်းသမိုင်းဝင်ရှင်ပင်အလိုတော်ပေါက်စေတီတော် မြတ်ကြီးဗုဒ္ဓါဘိသေကမင်္ဂလာအနေကဇာတင်ပွဲနှင့် ပင့်သံဃာအပါး ၉ဝ တို့အား ဆွမ်းဘောဇဉ်ဆက် ကပ်လှူဒါန်းပွဲကို မြောက်ရွာမကျေးရွာ၌ နံနက် ၁ဝ နာရီခွဲတွင်ကျင်းပရာ ဆိပ်ဖြူပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့ နယ်ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင် များတက်ရောက်ပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

လေးမောင်(ဆိပ်ဖြူ)