ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုအပေါ် သတင်းစာ ရှင်းလင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ခွဲ ပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ညနေပိုင်းတွင် ကျင်းပ ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ”ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ဦးဆောင်ကျင်းပတဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြာက်လာသည့် ရခိုင် ပြည်နယ်အရေးဆွေးနွေးပွဲနှင့် ပတ်သက် ပြီးတော့မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် တာဖြစ်ပါတယ်။ ဒီမှာ သဘာပတိအဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြင့်က ဆောင်ရွက်ခဲ့ပြီးတော့မှ ပညာရှင်များအဖြစ် နိုင်ငံတကာရေးရာသုတေသီ ဦးကိုကိုလှိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းပညာရှင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ သေနင်္ဂဗျူဟာ လေ့လာရေး အဖွဲ့ ဦးဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး၊ ဥပဒေပညာရှင် ဦးသိန်းညွန့်တို့က ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်”ဟု ပါတီဗဟို အတွင်းရေးမှူး ဦးပိုက်ထွေးက ဦးစွာပြောကြားသည်။

သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းပညာရှင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ ဥပဒေပညာရှင် ဦးသိန်းညွန့်၊ သေနင်္ဂဗျူဟာလေ့လာရေး အဖွဲ့ ဦးဆောင် ဒါရိုက်တာ ဒေါက်တာနိုင် ဆွေဦး၊ ပြည်ခိုင်ဖြိုးပါတီအတွင်ရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်သော ဦးလှသိန်းနှင့် ဒေါက်တာ နန္ဒာလှမြင့်တို့က ပြန်လည်ဖြေကြားခဲ့ သည်။

အမျိုသားလုံခြုံရေးကို ခြိမ်းခြောက် လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေး ပွဲသို့ ပြည့်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်း ရယူခဲ့ကြောင်း သိရသည်။

နေထက်ဝေ