မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မရှင်ညွှန်ကြားချက်များ ရှင်းလင်း

မအူပင်၊ နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မအူပင်ခရိုင် ကော်မရှင်၏ညွှန်ကြားချက်များကို ခရိုင်အတွင်းရှိ မြို့နယ်ပါတီများသို့ ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းက မအူပင်ခရိုင်ကော်မရှင်၏ ညွှန်ကြားချက်များကို ရှင်းလင်းခြင်း၊ တက်ရောက်လာသူများက ဆွေးနွေးခြင်း၊ ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါရှင်းလင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးရန်နိုင် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း၊ ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြသန်း၊ ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)