ခွေးသတ်ရုံတွေ တောင်ကိုရီးယား ဖျက်သိမ်း

ခွေးသားစားတဲ့ ဓလေ့ရပ်တန်းကရပ်လိုက်ဖို့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းတဲ့အတိုင်း နိုင်ငံက အကြီးမားဆုံး ခွေးသတ်ရုံကို ပိတ်သိမ်းဖို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက မနေ့က လုပ်ငန်း စတင်ပါတယ်။

နူးနေအောင်ချက်လိုက်ရင် အထူးအရသာရှိတဲ့အပြင် ခွေးသားစားတာ အားတိုးတယ်ဆိုတဲ့ အယူအဆနဲ့ တောင်ကိုရီးယားမှာ တနှစ်ကို ခွေးကောင်ရေ တသန်းလောက် သတ်စားပါတယ်။

ဒါပေမဲ့ ကိုရီးယားတွေ ဒီလိုခွေးသားစားတာကို နိုင်ငံတကာက ဝေဖန်ရုံမက ခေတ်လူငယ်တွေကလည်း ခွေးသားစားတာ ရှောင်ကြပြီး အသားစားဖို့ ခွေးမွေးမြူတာထက် အိမ်မွေးတိရစ္ဆာန်အဖြစ် ပိုမွေးလာတာမို့ ခွေးသားအစားကလည်း လျော့လာပါတယ်။

ဆိုးမြို့တောင်ပိုင်းက Seongnam မြို့က ခွေးသားသတ်ဝင်းမှာ ခွေးသားသတ်ရုံ အနည်းဆုံး ခြောက်ရုံရှိပြီး တချီတချီဆို ခွေး ၃-၄-၅ ရာ သတ်ပါတယ်။ ဒီဝင်းဟာ နိုင်ငံတ၀န်းက ခွေးသားရောင်းတဲ့ စားသောက်ဆိုင် တွေအတွက် အဓိကအားထားရတဲ့ နေရာလည်းဖြစ်ပါတယ်။

ဒီ သားသတ်ဝင်းကို နှစ်ရက်နဲ့ အပြီးပိတ်သိမ်းပြီး အများပြည်သူအပန်းဖြေရာ ဥယျာဉ်အဖြစ် အသွင်ပြောင်းပါမယ်။

ဒါဟာ သမိုင်းဝင် အခါသမယပါပဲလို့ KARA ကိုးရီးယား တိရစ္ဆာန်အခွင့်အရေး အကျိုးဆောင်အဖွဲ့က သူ့ blog မှာ ရေးပါတယ်။ ခွေးသားစားလုပ်ငန်းတခုလုံး မြန်မြန်ဆန်ဆန်ဆုံးခန်းတိုင်သွားဖို့ နိုင်ငံတ၀န်းက တခြား ခွေးသား သတ်ရုံတွေ ပါပိတ်လိုက်ဖို့ တံခါးဖွင့်ပေးပါမယ်လို့လည်း blog မှာ ဖော်ပြပါတယ်။

-Ref: RFA