အီသီယိုပီးယားဆန္ဒပြပွဲများ သေဆုံးသူ တစ်ရာနီးပါးရှိ

_mediaitem

အိုရိုမီးယား၊ သြဂုတ် ၉

အီသီယိုပီးယားနိုင်ငံအတွင်း ယခုစနေ၊ တနင်္ဂနွေက ဖြစ်ပွားသော ဆန္ဒပြပွဲများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား ထိပ်တိုက်ပဋိပက္ခများဖြစ်၍ လူပေါင်း ၁၀၀ နီးပါးသေဆုံးကြောင်း နိုင်ငံတကာလွတ်ငြိမ်းရေးအဖွဲ့က ပြောသည်။

သြဂုတ် ၇ ရက်က ဘာဟာဒါမြို့တွင် အပြင်းထန်ဆုံးဖြစ်ကာ သေဆုံးသူ အနည်းဆုံး ၃၀ ရှိကြောင်း ယင်းအဖွဲ့က ပြောသည်။

ပြီးခဲ့သည့်လများအတွင်းကလည်း နိုင်ငံတွင်း မကြုံစဖူးဆန္ဒပြမှုများဖြစ်ပွားသည်။

အိုရိုမိုနှင့် အမ်ဟာရာဒေသများတွင် ပြည်သူများက နိုင်ငံရေးနှင့် စီးပွားရေးမကျေနပ်မှုများဖြင့် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

အိုရိုမိုခရိုင်တွင်း မြို့က ဆန္ဒပြမှုများတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ကျည်စစ်သေနတ်များဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ၆၇ ဦး သေဆုံးကြောင်း နိုင်ငံတကာ လွတ်ငြိမ်းရေးအဖွဲ့က ပြောသည်။

(BBC)


Leave a Reply