မိုက်ကယ်ဖဲ့လ် ၁၉ ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူး

Sports2

ဘရာဇီးနိုင်ငံတွင် ကျင်းပနေသော အိုလံပစ်အားကစားပွဲတော် ရေကူးပြိုင်ပွဲ၌ အမေရိကန်အမျိုးသားအသင်းက မီတာ ၄၀၀ အသင်းလိုက် အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ယင်း၌ ဒုတိယအကျော့ကူးခပ်ခဲ့သည့် မိုက်ကယ်ဖဲ့လ်က ၎င်း၏ ၁၉ ခုမြောက် အိုလံပစ်ရွှေ တံဆိပ်ဆု ရယူသွားခဲ့သည်။

မိုက်ကယ်ဖဲ့လ် (၃၁) နှစ် သည် ၎င်းအတွက် ငါးကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ပြီး နောက် ရွှေတံဆိပ်ဆု ၁၉ ခု အပါအ၀င် ငွေ နှစ်ခု၊ ကြေးနှစ်ခုဖြင့်  စုစုပေါင်း အိုလံပစ်ဆုတံဆိပ် ပေါင်း ၂၃ ခုရရှိထားသည်။

မိုက်ကယ်ဖဲ့လ်၏ အမေရိကန်အသင်းနောက်တွင် ၂၀၁၂ ချန်ပီယံပြင်သစ်က ဒုတိယဖြင့်ငွေ၊ သြစတြေးလျက တတိယ ဖြင့် ကြေးတံဆိပ် ရယူသွားသည်။

အိုလံပစ်ပြိုင်ပွဲစတင်ယှဉ် ပြိုင်ပြီး (၁၆) နှစ်ကြာချိန်မှာပင် စိတ်လှုပ်ရှားနေခဲ့ကြောင်း မိုက်ကယ်ဖဲ့လ်က ပြောသည်။

‘‘ခုံပေါ်မှ ရပ်နေတုန်း ကျွန်တော့်နှလုံးပေါက်ကွဲတော့မယ်လို့ ထင်မှတ်ခဲ့တယ်။ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်’’ဟု ဖဲ့လ်က ပြောကြားပြီး ပရိသတ်၏ အားပေးမှု ဘ၀ဂ်ညံနေခဲ့သည်ဟု ဆိုသည်။

မိုက်ကယ်ဖဲ့လ်သည် အိုလံပစ်အားကစားပြိုင်ပွဲလေးခုတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့သော ပထမဆုံးရေကူးချန်ပီယံ ဖြစ်ပြီး အိုလံပစ်သမိုင်း၌ ဆုတံဆိပ်အများ ဆုံး ရရှိထားသည့် ကစားသမားလည်းဖြစ်သည်။

—Ref:Reuters


Leave a Reply