ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား BBCသတင်းဌာနမှ လာရောက်တွေ့ဆုံမေးမြန်း

 

ရန်ကုန် နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ယမန်နေ့နံနက် ၉နာရီက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးအား BBCသတင်းဌာနမှလာရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ ထိုသို့လာရောက်တွေ့ဆုံမေးမြန်းရာတွင် ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်ကိစ္စရပ်များနှင့်ပတ်သက်၍သော်လည်းကောင်း၊ ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ သော်လည်းကောင်း မေးမြန်းခဲ့ကြောင်း သိရသည်။