၂၀၁၈ အာရှဗိုဗီနမ်ပြိုင်ပွဲတွင် ယနေ့နံနက်ပိုင်းအထိ မြန်မာ ရွှေ(၃)ခုဆွတ်ခူးထား

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ပြိုင်ပွဲမှာ ဒီနေ့နံနက်ပိုင်းအထိ မြန်မာအသင်းက ရွှေတံဆိပ်(၃)ခု၊ ငွေ(၁)ခု၊ ကြေး (၅)ခု ဆွတ်ခူးထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မြန်မာအသင်းစတင်ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ်ဆုကို (Dual form )အမျိုးသား နှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ဆလိုင်းမနားကွီး+ မောင်ဘိုဘို၊ ငွေတံဆိပ်ဆုကို (Yang sword form) အမျိုးသား တစ်ကိုယ်တော် ဓါး(၁)လက်အပြ ပြိုင်ပွဲတွင် ဆလိုင်းမနားကွီးနဲ့ ကြေးတံဆိပ်ဆုတွေကို (Four – element staff form) အမျိုးသား တစ်ကိုယ်တော် တုတ်ရှည်အပြ ပြိုင်ပွဲ- မောင်ဘိုဘို၊ (Dual knife form) ဓါးမြှောင်(၂)လက်အပြပြိုင်ပွဲမှာ မခိုင်ဝါဖူး၊ အတိုက်ပြိုင်ပွဲ (အမျိုးသား) (၅၄)ကီလိုမှာ ဆလိုင်းမနားကွီးနဲ့ အတိုက်ပြိုင်ပွဲ အမျိုးသမီး (၅၄)ကီလိုမှာ မခိုင်ဝါဖူးတို့ ဆွတ်ခူးခဲ့ပါတယ်။

ဒီနေ့နံနက်ပိုင်းပြိုင်ပွဲမှာလည်း မြန်မာဗိုဗီနမ်အသင်းက ရွှေ(၂)ခုနဲ့ ကြေး(၁)ခု ထပ်မံရရှိခဲ့ပါတယ်။ ရွှေတံဆိပ်ဆုတွေကို (Dragon – Tiger form) အမျိုးသား လက်အပြ ပြိုင်ပွဲမှာ ရဲဝင့်ထူး၊ Dragon – Tiger form(အမျိုးသမီး လက်အပြ) ပြိုင်ပွဲမှာ မခိုင်ဝါဖူးနဲ့ ကြေးတံဆိပ်ကို (Five – gate form) အမျိုးသား လက်ရေးအပြမှာ ဘိုဘို တို့က ဆွတ်ခူးထားပြီး ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်နေတယ်လို့သိရပါတယ်။ ဒါကြောင့် ဒီနေ့နံနက်ပိုင်းအထိ မြန်မာဗိုဗီနမ်အသင်းဟာ စုစုပေါင်း ရွေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး (၅)ခု ဆွတ်ခူးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ပြိုင်ပွဲကို နိုဝင်ဘာလ(၂)ရက်ကနေ (၇)ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Creditး Myanmar Vovinam Association Facebook