ဖါဝေါကျေးရွာအုပ်စု ၊ ဟိုနားကျောင်းရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ သွားရောက်ရှင်းလင်းခြင်း

 

မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ကော်မတီဝင် ဦးယောဘ ဦးဆောင်သည့် အရန်ပါတီကော်မတီဝင် ဦးအောင်ကိုလတ် ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးကျလာလေးတို့သည် ဖါဝေါအုပ်စု ဟိုနားကျောင်းရွာသို့ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်စိန်၏ ဒုတိယအကြိမ် (ပ) ပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို သွားရောက်တွေ့ဆုံရှင်းလင်းပြပြီး ရွာသူရွာသားများ၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ပြည်ခိုင်ဖြိုးတံဆိပ်၊ ဘောပင်များ လှူဒါန်းမျှဝေပေးခဲ့ပါသည်။

မိုင်းပျဉ်း ပြည်ခိုင်ဖြိုး မီဒီယာ